မြန်မာနှင့် ဘရာဇီးလ် အားကစားကဏ္ဍ အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

0
167

မြန်မာနှင့် ဘရာဇီးလ် နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ကြမည့် ကဏ္ဍများနှင့် ပတ်သက်၍ ဘရာဇီးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့်  မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး H.E. Mr. Gustavo Rochade Menezes ၏ နေအိမ်၌ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့် ဖေဖော်ဝါရီ (၁၂) ရက်က တွေဆုံစဥ် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် သံအမတ်ကြီး ဦးအောင်ကျော်ဇံက များမကြာမီ ကာလက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချူပ်ထံ သံအမတ် ခန့်အပ်လွှာပေးအပ်နိုင်ခဲ့ပြီးဖြစ်သော ဘရာဇီးလ်သံအမတ်ကြီးအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေးကိစ္စ၊ နှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် ၂၀၂၄-၂၀၂၈ ဘရာဇီးလ်-အာဆီယံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ (PCA) အောက်မှတဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အားကစားနှင့် ယဉ်ကျေးမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေနိုင်ရေး ဆွေနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ထို့အပြင် သံရုံးနှစ်ရုံးအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံရေးကိစ္စနှင့် နှစ်နိုင်ငံ အစိုးရချင်းသာမက ပြည်သူနှစ်ရပ်အကြား အပြန်အလှန် နားလည်မှုတိုးမြှင့်နိုင်ရေး နည်းလမ်းများ ရှာဖွေရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here