ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုတိုးမြှင့်ပေးနိုင်ရန် Yoma OUE ပန်းလှိုင်ဆေးရုံနှင့် Apollo ဆေးရုံသဘောတူညီမှုစာချွန်လွှာရေးထိုး

0
183

ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများပိုမို တိုးမြှင့်ပေးနိုင်ရန်နှင့်ခေတ်မီကျန်းမာရေး အသိပညာများကို မျှဝေပေးနိုင်ရန် Yoma OUE ပန်းလှိုင်ဆေးရုံနှင့် Apollo ဆေးရုံတို့ သဘောတူညီမှု စာချွန်လွှာကို ဖေဖော်ဝါရီလ (၁၂) ရက်တွင် Awei Metta ဟိုတယ်၌ Pun Hlaing Hospitals မှ Chief Operating Officer Dr Thiri Aung နှင့် Oncology and International Apollo Hospitals မှ ဥက္ကဋ္ဌ Mr Dinesh Madhavan တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Apollo ဆေးရုံနှင့် ပန်းလှိုင်ဆေးရုံတို့၏ ရည်ရွယ်ချက်သည် ကျန်းမာရေးကုသမှုခံယူမည့် မြန်မာနိုင်ငံနှင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများက လူနာများကို ခေတ်မီအဆင့်မြင့် နောက်ဆုံးပေါ်ကျန်းမားရေး ကုထုံးများကို ဝန်ဆောင်မှု ပေးနိုင်ရန် ဖြစ်ပြီး ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် ကျန်းမာရေး ကုသမှုခံယူမည့် မြန်မာနိုင်ငံမှ လူနာများအတွက် ကျွမ်းကျင်ပညာရှင်များ၊ အဆင့်မြင့်နည်းပညာများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ကွန်ရက်တို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း Oncology and International Apollo Hospitals မှ ဥက္ကဋ္ဌ Mr Dinesh Madhavan ကပြောကြားခဲ့သည်။

Yoma OUE ပန်းလှိုင်ဆေးရုံနှင့် Apollo ဆေးရုံတို့ကြား နှစ်ဦး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ပိုမိုပေးစွမ်းနိုင်ရန်နှင့် ပန်းလှိုင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် ဗဟုသုတများကို ပိုမိုတိုးပွားလာစေပြီး ယခုထက် ပိုမိုမြင့်မားသည့် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် မျှော်လင့်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here