ဟော်တယ်အခန်းတွင်း၌​ဟော်တယ် ပိုင်ရှင်၏ ဇနီးဖြစ်သူ ​ အသ-တ်ခံရ

0
324

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Esperado Hotel တွင် ယင်းဟိုတယ်ပိုင်ရှင်၏ ဇနီးဖြစ်သူ ဓါးဖြင့် ထိုးသ-တ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့်ရှိ Esperado Hotel ၏ (၃)လွှာရှိ အခန်းတွင် ယနေ့ဖေဖော်ဝါရီ (၁၃) ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

‌ေ-သဆုံးသူ ဒေါ်သန်းသန်းဦး (ခ)ဟာဂျီမ မိုင်မွန်နာဘီအား နံနက် (၈) နာရီအချိန်ခွဲ အချိန်ခန့်က ဟိုတယ် (၃) လွှာရှိ အခန်းအတွင်း၌ ကျောပြင် ဓါးဒဏ်ရာ (၅)ချက်ဖြင့် ‌ေ-သဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ပျံ့နှံ့နေသည့်သတင်းများအရ သိရသည်။

‌ေ-သဆုံးသူ၏ သားဖြစ်သူမှ မိခင်ဖြစ်သူအခန်းအတွင်းမှထွက်မလာ၍ ဖုန်းခေါ်ရာ မကိုင်သဖြင့် အခန်းတံခါးအားဖွင့်၍ ဝင်ရောက်ကြည့်ရှုရာ မိခင်ဖြစ်သူမှာ ဓါးဒဏ်ရာများဖြင့် ကြမ်းပြင်တွင် လဲကျအသက်ဆုံးရှုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ Hotel ရှိ CCTV မှတ်တမ်းများအား ပြန်လည်စစ်ဆေးကြည့်ရာ ပြစ်မှုကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးမှာ အသက် (၅၈) နှစ်အ ရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီ အား ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ ညနေပိုင်းတွင် ရေဝေးကဗရ်စဿန်၌ ဂျနာဇတ်ဆွလာသ် ဝတ်ပြုပြီး ဒဖ်နာပြုလုပ်မည်ုဖြစ်ကြော င်း နီးစပ်ရာ မွတ်စ်လင်မ် အသိုင်းအဝိုင်းများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here