ပင်တဂွန်အကြီးအကဲ နေတိုးအဖွဲ့အစည်းအဝေးများသို့ သွားရောက်မည်မဟုတ်ဟုဆို

0
186

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၃

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ကျန်းမာရေးအခြေအနေအရ ဆေးရုံသို့ဒုတိယအကြိမ်တက်ခဲ့ရပြီးနောက် ဘရပ်ဆဲလ်၌ကျင်းပမည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဆွေးနွေးပွဲသို့ သွားရောက်မည့်အစီအစဉ်အား ဖျက်သိမ်းခဲ့သည်ဟု ပင်တဂွန်ကတနင်္လာနေ့၌ပြောကြားခဲ့သည်။

အသက် ၇၀ အရွယ်ရှိ မစ္စတာအော်စတင်သည် ဆီးအိမ်ပြဿနာလက္ခဏာများတွေ့ရှိရသဖြင့် တနင်္ဂနွေနေ့က Walter Reed စစ် ဆေးရုံ သို့ တင်လိုက်ရသည်။

မစ္စတာအော်စတင်သည် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက ဆီးကျိတ်ကင်ဆာခွဲစိတ်ကုသမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘဲ ယင်းခွဲစိတ်မှု၏နောက်ဆက်တွဲကျန်းမာရေးအခြေအနေအရ ဇန်နဝါရီလက ဆေးရုံတင်ခဲ့ရသဖြင့် နိုင်ငံတစ်ဝန်းအနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။

မစ္စတာအော်စတင်သည်ဘရပ်ဆဲလ် ၌ကျင်းပမည့် နေတိုးအဖွဲ့ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွက် ကြာသပတေးနေ့တွင် ထွက်ခွာရန်စီစဉ်ထားပြီး ဗုဒ္ဓဟူးနေ့တွင်မူ ယူကရိန်းအားဆက်လက်ထောက်ပံ့မှုများနှင့်ပတ်သက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုသိရသည်။

လက်ရှိတွင် ဆေးရုံတင်ထားရသည့်မစ္စတာအော်စတင်သည် မည်သည့်အချိန်တွင်ဆေးရုံဆင်းရမည်ကို အသေအချာမသိသေးသော်လည်း ၎င်း၏တာဝန်များကိုမူ ဒုတိယ ကာကွယ်ရေးဝန်ကြီးအား လွှဲပြောင်းတာဝန်ထမ်းဆောင်ထားစေသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here