Blackpink အဖွဲ့ဝင် လီဆာ “The White Lotus 3” ၌ ပါဝင်သရုပ်ဆောင်မည်ဟုဆို

0
181

Blackpink အဖွဲ့ဝင် လီဆာသည် HBO ၏ နာမည်ကြီးအမေရိကန်ရုပ်သံဇာတ်လမ်းတွဲ The White Lotus ၏ Season 3 မှ စတင်၍ သရုပ်ဆောင် လောက သို့ ဝင်လာမည်ဖြစ်ကြောင်း တနင်္လာနေ့တွင်ဖော်ပြခဲ့သည်။ သို့သော် ၎င်းအနေဖြင့် မည်သည့်အခန်းကဏ္ဍတွင်ပါဝင်သရုပ်ဆောင်မည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

အချို့သတင်းများ၏ဖော်ပြချက်များအရ အဆိုပါဇာတ်လမ်းတွဲ၌ ဒီပီကာပါဒုခွန်လည်း ပါဝင်သရုပ်ဆောင်နိုင်ခြေရှိကြောင်းပြောကြားခဲ့သော်လည်း ဒီပီကာအနေဖြင့် အဆိုပါဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခြင်းရှိမရှိကိုမူ မသိရသေးကြောင်းလည်းသိရသည်။

လီဆာသည် HBO စီးရီးတစ်ခု၌ ပါဝင်သရုပ်ဆောင်သည့် ဒုတိယမြောက် Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကလည်း Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် HBO ဒရာမာဇာတ်လမ်းတွဲ “ The Idol” တွင် ပါဝင်သရုပ်ဆောင်ခဲ့သေးသည်။

နာမည်ကြီးမိန်းကလေးအဖွဲ့ Blackpink ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာသည် တောင်ကိုရီးယားနိုင်ငံ၏အကျော်ကြားဆုံး အမျိုးသမီးများအနက်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ်ကလည်း သူ၏ကိုယ်ပိုင်ဂီတနှင့်ဖျော်ဖြေရေးကုမ္ပဏီ Lloud ကိုတည်ထောင်ခဲ့သည်။

Source : အင်ဒီးယန်းတူဒေး


LEAVE A REPLY

Please enter your comment!
Please enter your name here