ဇရပ်ကြီးစစ်ရှောင်ပြည်သူ အိမ်ထောင်စု (၇)စုခန့် နေရပ်သို့ ထပ်မံပြန်ကြ

0
156

ယမန်နေ့ ဖေဖော်ဝါရီ (၁၃) ရက် မွန်းလွဲပိုင်း အချိန်က ဇရပ်ကြီးမြို့မှ စစ်ရှောင်ပြည်သူ အိမ်ထောင်စု (၇)စုခန့် နေရပ်သို့ ထပ်မံပြန်ကြကြောင်း ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွ က်သူတစ်ဦးထံမှ သိရသည်။

“ပြန်တဲ့သူတွေက ဇရပ်ကြီးမြို့ ဘေးပတ်လည် ရွာကသူတွေပြန်ကြတာပါ။ နောက်ရက်လည်း တောင်းဆိုလာရင် ပြန်ပို့ပေးရဖို့ရှိပါတယ်။ ဇရပ်ကြီးမြို့ပေါ်က သူတွေတော့ မပြန်ကြသေးပါဘူး။ အဓိက ပြန်တဲ့သူတွေက ပဲခင်းတွေကျန်ခဲ့တော့ ပဲနှုတ်ချိန်ရောက်နေလို့ ပြန်ကြတာပါ။”ဟု ၎င်းက ဆို သည်။

ဖေဖေါ်ဝါရီ (၁၂) ရက် မွန်လွဲပိုင်းကလည်း အိမ်ထောင်စု (၃) စုခန့်မှ နေရပ်ပြန်ချင်သည့်အတွက် လိုက်လံပို့ဆောင်ပေးခဲ့ရ ကြောင်း သိရသည်။

ဇရပ်ကြီးမြို့နှင့် အနီးပတ်ဝန်းကျင်ရွားများမှ စစ်ရှောင်များ ‌ခိုလှုံနေသော တောင်ငူမြို့နှင့် ဇရပ်ကြီးမြို့အကွာအဝေးမှာ ခရီးမိုင်အားဖြင့်(၂၅)ခန့်ရှိပြီး တစ်ရက်လျှင် နှစ်ကြိမ်ခန့်အ သုတ်လိုက် ပြန်လည်ပို့ဆောင်ပေးနေရကြောင်း သိရသည်။

လက်ရှိတွင် နေရပ်ပြန်များကို ချောင်းချား တံတားမှတဆင့်ပြန်လည် ပို့ဆောင်ပေးနေသဖြင့် ခရီးတွင်ကြောင်းလည်း ဆိုသည်။

“ချောင်းချားတံတားက ပြင်ပြီးသွားပြီ။ အဲ့ဒီလမ်းဘက်က‌ပို့တော့ ခရီးတိုသွားတာပေါ့။ တိုက်ပွဲက ငြိမ်နေပါတယ်။ ဘာသံမှကို မကြားရတော့တာ”ဟု ထပ်မံပြောသည်။

ဇရပ်ကြီး စစ်ရှောင်ပြည်သူများ ခိုလှုံရန် တောင်ငူတွင် စစ်ရှောင်စခန်း (၄၆)နေရာ ဖွင့်လှစ်ထားရှိပြီး ဒေသခံစစ်ရှောင် (၄,၀၀၀) ကျော် ခိုလှုံလျက်ရှိ ကြောင်း ဒေသတွင်း ပရဟိတအဖွဲ့များနှင့် နယ်မြေခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here