ဆယ်လအတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၃၀ ကျော်ရရှိထား

0
158

၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်အထိ  ဆယ်လကျော်ကာအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃ ၃ ဒသမ ၁၉၇ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ကုန်သွ ယ်မှုအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၂၈ ၉ ဒသမ ၂၅၇ သန်းရရှိခဲ့ပြီး ကာလတူ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၅၆ သန်းကျော် လျော့ကျသွားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ် လာသန်း ၃၂ သန်းကျော်နှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၂၀၀ ကျော်ရရှိထားခြင်း ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here