One Championship တွင် သံမဏိစိုးလင်းဦးနှင့် သန့်ဇင်တို့၏ တွဲဆိုင်း ၂ ဆိုင်းပါဝင်လာ

0
279

မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးနှင့် တက်သစ်စ မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်တို့၏ တွဲဆိုင်း ၂ ဆိုင်းပါဝင်လာကြောင်း သိရသည်။

ယင်းတို့သည် လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်တွင်ကျင်းပမည့် One Lumpinee 52 (One Friday Night) ပွဲစဥ်တွင် ဝင်ရောက်ယှဥ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

သံမဏိစိုးလင်းဦးသည် ဂျပန်နိုင်ငံသား မွေထိုင်းဖိုက်တာ Masayoshi Tsuhashi နှင့် မွေထိုင်းစည်းမျဥ်းအောက်တွင် ၃ချီ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး သန့်ဇင်မှာ ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ Jaising နှင့် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းတို့၏ ပွဲစဥ်များကို One Championship Live မှ တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here