ရွှေပြည်သာမြို့နယ် အောင်မေတ္တာလမ်းထိပ်တွင် ကား (၂) စီး မီးလောင်မှုဖြစ်ပွား

0
160

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ အောင်မေတ္တာလမ်းထိပ်တွင် ကား(၂)စီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသ ည်။

ဖေဖော်ဝါရီ (၁၄)ရက် နံနက် (၄)နာရီ (၅၉)မနစ်အချိန်ခန့်က ရွှေအဆိုပါ​နေရာတွင် ကား(၂)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှော်ကားနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး  ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီ (၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၅)နာရီ (၁၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ် (၂)စီးမှာ မီးလောင်ပျက်စီးခဲ့ရပြီး မီးသတ်တပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here