ပြန်လည်​ခေါ်ယူထားသည့်သံအမတ်များ၊ သံရုံးအကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

0
151

လမ်းညွှန်မှုခံယူရန် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ(၁၉)ဦး၊ ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီး(၄)ဦးတို့နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၁၃)ရက် နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် သံရုံးအကြီးအကဲများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို၏ အကျိုးစီးပွားကို တာဝန်ကျရာ ကမ္ဘာ့နယ်ပယ်အသီးသီးရှိ နိုင်ငံများ၌ ပေးအပ်သောတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် အရေးကြီးကြောင်း၊ သံရုံးအကြီးအကဲများအနေဖြင့် ဆောင်ရွက်နေစဥ် တွေ့ ကြုံရသည့် အခက်အခဲများကို တင်ပြနိုင်ရန်၊ နိုင်ငံတော်၏ မူဝါဒများကို အချိန်နှင့်တပြေးညီ သိရှိနားလည်စေရန် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သံအမတ်ကြီးများ သံရုံးယာယီတာဝန်ခံများမှ မြန်မာနိုင်ငံနှင့် ၎င်းတို့တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံများနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများ၊ ဆက်ဆံရေးတိုးမြှင့်ရန် ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြည်ပတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနှင့် နိုင်ငံ့အကျိုး စီးပွားဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြပြီး လိုအပ်သည်များကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည် ​ဆွေး​နွေးလမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here