မြစ်ကြီးနားမြို့နယ် မန်ခိန်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

0
145

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ အ.မ.က. မူလွန်ကျောင်းလမ်းတွင် နေအိမ် မီးလောင်ကျွမ်းမှု တဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချ က်အရ သိရသည်။

ဖေဖော်ဝါရီ (၁၄)ရက် နံနက် (၇)နာရီ (၈)မိနစ်အချိန်ခန့်က မြ စ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ အ.မ.က. မူလွန်ကျောင်းလမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းအရ မြစ်ကြီးနားခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တ ပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီ (၃၃)မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုးမှု အသေးစိတ် စာရင်းများကို မီးသတ်တပ်ဖွဲမှ တွက်ချက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၂) ရက် နံနက် အစောပိုင်းကလည်း မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ မလိယမ်းလမ်းရှိ နေအိမ်များ မီးလောင်မှုဖြစ်ပွားပြီး ဖောဝါရီ (၁၁) ရက်၊ ညနေ (၅) နာရီအချိန်ခန့်ကလည်း မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ် ကွက်၊ စံပြလမ်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့သေးကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ (၂) ရက်၊ ည (၆)နာရီခွဲအချိန်ခန့်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ဆွ တ်ငိုင်ရပ်ကွက်၊ လမ်းသွယ်(၂)နှင့် (၃)ကြားတွင် မီးလောင်မှုဖြစ်ပွားရာ တနိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာ ဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here