ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၅.၃၈ သန်း‌ ထပ်မံရောင်းချပေး

0
180

ယနေ့ ဖေဖော်ဝါရီ (၁၄) ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၅.၃၈ သန်း‌ ထပ်မံရောင်းချပေးထားကြောင်း သိရသည်။

ယခုဖေဖော်ဝါရီလအတွင်း၌ ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၈ သန်း ရောင်းချပေးထားပြီးဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၆၆.၉၃ သန်း၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၂၄.၃၈ သန်း၊ ထိုင်းဘတ် ၃၁၃.၅ သန်းနှင့် တရုတ်ယွမ် ၄ သန်းတို့ကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာ ၃၅၄၀ ကျပ်၊ ထိုင်းတစ်ဘတ် ၉၇ – ၉၉ ကျ ပ်နှင့် တရုတ်တစ်ယွမ် ၄၈၀ – ၄၉၀ ကျပ် ဈေးပေါက်​နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here