ပြည်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦးအား ဆိုင်ကယ်ဝင် တိုက်မိ၍ ထိခိုက်ဒဏ်ရာများရ

0
92

ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း၊ ပြည်မြို့၊ အုန်းတောလမ်းထိပ်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးကြီး တစ်ဦးအား  ဆိုင်ကယ်တစ်စီးမှ မတော်တဆ ဝင်တိုက်မိခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သွားရောက် ကူညီခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ဖေဖော်ဝါရီ (၁၄) ရက် နံနက် (၈) နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ဖြင့်အတိုက်ခံရသည့် လမ်းဖြတ်ကူးသူ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာ များရခဲ့သဖြင့် အရေးပေါ် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“လမ်းဖြတ်အကူးမှာ တိုက်မိတာ မတော်တဆလို့ပဲ ပြောရမယ်။ အတိုက်ခံရသူ အမျိုးသမီးကြီးက ခေါင်းကွဲသွားတယ်။ သွားအံပုံလည်း ပြုတ်သွားတာ တွေ့ရတယ်။ ဆိုင်ကယ်သမားလည်း ဒဏ်ရာရသွားတာ တွေ့ရတယ်။”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။ 

အခင်းဖြစ်ပွားရာ နေရာတွင် ဆိုင်ကယ်အတိုက်ခံရသူ အမျိုးသမီးမှာ ဦးခေါင်းကွဲ၊ အံကပ်ပြုတ်၊ခြေလက်ပေါက်ပြဲသွေး ထွက်ဒဏ်ရာများ ရရှိခဲ့ရာ မြေပြင်အရေးပေါ် ဒဏ်ရာသွေး ထိန်း လိုအပ်သည်များ ကုသပြုစုကူညီပေး၍ ဆေးကုသမှု ခံယူရန်အတွက် ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီ မှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here