တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် မြန်မာအမျိုးသမီးလုပ်သားများ ပထမဆုံး စေလွှတ်ခွင့်ရ

0
202

ယခုတစ်ကြိမ်ကျင်းပမည့် တောင်ကိုရီးယားအလုပ်အကိုင် အရည် အချင်းစစ်စာမေးပွဲ(EPS-TOPIK) တွင် မြန်မာအမျိုး သမီးလုပ်သား များကို ဖြေဆိုခွင့်ပြုထားပြီး ပထမဆုံး အနေ ဖြင့်စေလွှတ်ခွင့်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အ ကိုင်အေ ဂျင်စီ(POEA)က အသိပေးကြေညာထားသည်။

အဆိုပါ အမျိုးသမီးလုပ်သားများအနေဖြင့် ယခုနှစ်အတွက်အသစ်တိုး ခွင့်ပြုလိုက်သည့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍအ တွက်စာမေးပွဲ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ကြေညာ ချက်အရ သိရသည်။

တောင်ကိုရီးယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကုန်ထုတ်လု ပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်သားများကို EPS စနစ်ဖြင့် အမျိုးသားများကိုသာခခေါ်ယူလေ့ရှိရာမှ ယခုတွင် အမျိုးသမီးများအား EPS စနစ်ဖြင့် ခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်သည်။

EPS-TOPIK စနစ်အတွက်  စာမေးပွဲဝင်ရောက် ဖြေဆိုမည့် အမျိုးသမီးများသည် အသက် (၁၈) နှစ်မှ (၃၉)နှစ်အတွင်းရှိရမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းပြီးဆုံးရမည်ဖြစ် ကြောင်း သိရသည်။

EPS-TOPIK စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းကို မတ် လ (၄) ရက်မှ (၁၀) ရက်အထိ အွန်လိုင်းမှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်တောင်ကိုရီးယားနိုင်ငံ၌ မြန်မာ EPS လုပ်သား ၇၀,၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here