(၁၀)လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် လေးသိန်းကျော်တင်ပို့ထား

0
164

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအတွင်း (၁၀)လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် လေးသိန်းကျော်တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်ပသို့ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ထွ က်ပေါက်များမှတဆင့် ရေထွက်ကုန်တင်ပို့မှုအနေဖြင့် တန်ချိန် (၄၀၂၀၀၀)ကျော်ရှိပြီး အမေရိကန်ဒေါ်လာ(၅၈၇)သန်းကျော် ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှ တဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။

ပလက်ရှိတွင် ပြည်ပရေထွက်ကုန် တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်ကာလမတိုင်ခင် အခြေအနေသို့ ပြန်လည်မရောက်ရှိသေးဘဲ တင်ပို့မှုလျော့ကျနေဆဲဖြစ် ကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်တွေကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံတွေကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေလည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်တွေကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။

မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here