ဂြိုဟ်သိမ်ဂြိုဟ်မွှားနှစ်ခု၏ မျက်နှာပြင်ပေါ်တွင် ရေကို ပထမဆုံးအကြိမ် တွေ့ရှိ

0
222

ကြာသပတေးဂြိုဟ်နှင့် အင်္ဂါဂြိုဟ်ပတ်လမ်း နှစ်ခုအကြားရှိ “ဂြိုဟ်သိမ်ခါးပတ်”ခေါ် ပတ်လမ်းအတွင်း လှည့်ပတ်နေကြသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို လေ့လာနေကြသော သိပ္ပံပညာရှင်များသည် ယခင်က လုံး၀ခြောက်သွေ့နေသည်ဟု ယူဆခဲ့ကြသည့် ဂြိုဟ်သိမ် နှစ်ခု၏ မျက်နှာပြင်ပေါ်တွင် ရေမော်လီကျူးများကို ပထမဆုံးအကြိမ်အဖြစ် ရှာဖွေတွေ့ရှိခဲ့ကြသည်။

“ဂြိုလ်သိမ်ငယ် နှစ်ခုဖြစ်ကြသည့် Iris နှင့် Massalia ပေါ်တွင် ရေမော်လီကျူးရေများကို တွေ့ရှိခဲ့ကြခြင်းမှာ သံသယဖြစ်ဖွယ်မရှိ သေချာလှပါသည်” ဟု ယင်းဂြိုဟ်သိမ်များကို လေ့လာနေသော Southwest Research Institute မှ ဦးဆောင်သိပ္ပံပညာရှင် Dr Anicia Arredondo က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“ဂြိုဟ်သိမ်ဂြိုဟ်မွှားများဟူသည်မှာ စကြ၀ဠာအတွင်းရှိ ဂြိုလ်တို့ဖွဲ့စည်းမှုဖြစ်စဉ်မှ ကြွင်းကျန်နေသောအရာများဖြစ်သဖြင့် ၎င်းတို့၏ဖွဲ့စည်းပုံများသည် မိမိတို့နေထိုင်ရာ ကြယ်စုအတွင်း တည်နေရာပေါ်မူတည်၍ ကွဲပြားကြ သည်” ဟု Dr Anicia Arredondoက ရှင်းပြသည်။

“အထူးသဖြင့် စိတ်ဝင်စားစရာမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများပေါ်ရှိ ရေမျာ အခြားဂြိုဟ်များဆီသို့ ပြန့်နှံ့ရောက်ရှိကြခြင်းဖြစ်သည်။ ၎င်းသည် ကမ္ဘာမြေသို့ ရေများ မည်သို့မည်ပုံ ရောက်ရှိလာကြသည် ဆိုခြင်းကို ခိုင်မာစွာရှင်းလင်းပြော ပြနိုင်သောကြောင့်ဖြစ်သည်”ဟုလည်း Dr Anicia Arredondoက ပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here