ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့ ပြန်ပို့

0
207

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၂၀၆) ဦးကို ယနေ့ ဖေဖော်ဝါရီ (၁၄)ရက် နေ့လယ်ပိုင်းက ရနောင်းမြို့မှ တဆင့် ကော့သောင်းမြို့သို့ စက်လှေဖြင့်  ပြန်ပို့ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား (၂၀၆)ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်သည့် အတွက် ထိုင်းအာဏာပိုင်များမှ မြန်မာနိုင်ငံဘက်သို့ ပြန် လ ည် ပို့ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

၎င်းတို့အား ရနောင်းမြို့မှ တဆင့် စက်လှေဖြင့် ကော့သော င်းမြို့သို့ ပြန်လည်ပို့ဆောင်ခြင်းဖြစ်ပြီး အမျိုးသား (၁၆၀) ဦးနှင့် အမျိုးသမီး (၄၆) ဦးတို့ ပါဝင်ကြောင်း သိရသည်။

ကော့သောင်းမြို့သို့ ရောက်ရှိလာရာတွင် ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးကာ ကိုယ်ရေးအချက် အလက်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး သတ်မှတ်ထားသည့် ရောဂါပိုးတွေ့ရှိသူများကို အသွားအ လာစောင့်ကြည့်ရေး စင်တာများတွင် ထားရှိသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here