ပြည်သူ့ စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သည့်လူဦးရေ များသော်လည်းရပ်ကွက်(ရွာ)တစ်ခု (၂) ဦးထက်ပို၍ စစ်မှုထမ်းရမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

0
359

လတ်တလော အတည်ပြု အကောင်အထည်ဖော်မှုများ လုပ် ဆောင်လာသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ ၊ ပြည်သူ့ စစ်မှုထမ်း စနစ်နှင့် အကြုံးဝင်သည့် လူဦးရေ (၁၃) သန်းကျော် ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ပြည်သူလူထုအကြား စိုးရိမ်မှုနှင့် ဝေဖန်မှု မြင့်တက်နေသည့် အဆိုပါ စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမှုတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ခုပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အကြုံးဝင်နိုင်တဲ့ လူဦးရေ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း ၊ စုစုပေါင်း ၁၃ သန်း နီးပါး ရှိပါတယ်။ အဲဒီ ၁၃ သန်းလုံးကို ကျွန်တော်တို့က တပြိုင်တည်း စစ်မှုထမ်းစေမှာလားဆိုတော့ မဟုတ်ပါဘူ။ အကျုံးဝင်တာပဲ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ နစကက အကောင် အထည်ဖော် အသက်သွင်းရန်ကြိုးပမ်းနေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ပြီးခဲ့သ ည့် ၂၀၁၀ ခုနှစ်ပြည့် နိုဝင်ဘာလအတွင်းက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရမှ ပြဌာန်းထားခဲ့ခြင်းဖြစ်ပြီး အရပ်သားအစိုးရ (၂) ဆက်တိုင် အကောင်အထည်မဖော်ဘဲ ထားရှိခဲ့သည့် ဥပဒေဖြစ်သည်။

ယင်းဥပဒေအား နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခအရှိန်မြင့်တက်နေသည့် လက်ရှိအချိန်တွင် အကောင် အထည်ဖော်အသက်သွင်းရန် ကြိုးပမ်းမှုအပေါ် အများပြည်သူက အမျိုးမျိုးသောထင်ကြေးပေး ဝေဖန်မှုများ ရှိနေပြီး စိုးရိမ်ထိတ်လန့်မှုများလည်း မြင့်တက်နေသည်။

ပြည်သူလူထု၏ စိုးရိမ်ထိတ်လန့်မှုများနှင့် ပတ်သက်၍ ကြားသိနားလည်ကြောင်းနှင့် ယခု စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်မလွန်ကဲကြရန်လည်း နစက ပြောရေးဆိုခွင့်ရှိသူက အသိပေးထားသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းရခြင်းသည် နိုင်ငံသားတိုင်း ကာကွယ်ရေး ပညာတတ်မြောက်ကြစေရန်သာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်း ဥပဒေသည် ပြည်ပရန်ကာကွယ်ရေးအတွက်သာ အ ကောင်အထည်ဖော်သင့်ပြီး တိုင်းရင်းသားအချင်းချင်း ပစ်ခတ်တိုက်ခိုက်ကြရန် အင်အားစု‌ ဆောင်းခြင်းမျိုး မဖြစ်သင့်ကြောင်းလည်း စစ်ရေး နိုင်ငံရေးကျွမ်းကျင်သူများက ထောက်ပြအကြံပြုကြသည်။

ဥပ​ဒေနှင့်ပတ်သက်၍အ​ကြောင်းအရာမရှင်းလင်းမှုများ ရှိ​နေချိန်တွင်

အွန်လိုင်းမှ ပြည်သူအထိတ်တလန့်ဖြစ်စေရန် သွေးထိုးလှုံ့ဆော်နေမှုများကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ်အခြေခံ၍ ပြည်တွ င်းရှိ ပြည်သူလူထုအတွက် ထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းအမှားများ ၊ ကောလာဟလများလည်း ယခုရက်ပို င်းအတွင်း လူမှုကွန်ရက်မှတဆင့် ပျံ့နှံ့မှုများ ၊ ထပ်ဆင့်ဖြန့်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

လက်ရှိတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သူ ၁၃ သန်းကျော် ရှိသည်ဆိုသော်လည်း တစ်ပြိုင်တည်း စစ်မှုထမ်းစေရန် 

မည် သို့မျှဖြစ်နိုင်မည်မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်ကျေးရွာပေါင်း ၆၀၀၀၀ ကျော် ရှိသည့်အနက် တစ်ရပ်ကွက်လျင် တစ်ဦး သို့မဟုတ် နှစ်ဦးထက် ပို၍ တာဝန်ထမ်းခွင့်ပြုနိုင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ ဥပဒေအကောင်အထည်​ဖော်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ဖေဖော်ဝါရီ (၁၃) ရက် ရက်စွဲဖြင့် ကာကွယ်ရေးဝန်ကြီးက ဦးဆောင်ကာ အဖွဲ့ဝင် (၁၈) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

“ဒီအ​ကြောင်းအရာ​ပေါ်နားလည်သ​လောက်က​တော့ ၆ လ တခါ သင်တန်း ပေးမယ်၊ တပတ်စဥ် လူ ၅၀၀၀ ​ခေါ်မယ်ကြားတယ်၊ မိမိသ​ဘောဆန္ဒအ​လျောက် ပါဝင်လိုသူ ဦးစား​ပေးမယ် ဆို​တော့ အမျိုးသမီး​တွေ ပါနိုင်​ချေနည်းတယ်၊ ဒီနူန်းနဲ့ ​ခေါ်ရင် အကျုံးဝင်လူ ၁၀သန်း​ကျော် ပြည့်ဖို့က တနှစ်ကို အပတ်စဥ်နူန်းနဲ့တွက်ကြည့်ရင်​တော် အ​တော်စောင့်ရမယ်၊မိဘလုပ်​ကျွေး​နေသူ​တွေ၊ပညာသင်ကြား​နေသူ​တွေ၊တိုင်းပြည်ရဲ့ GDP တက်​ရေးလုပ်​ဆောင်​နေသူ​တွေကို သင်တန်းထဲ ဦးစား​ပေးလို့မရဘူး ဆို​တော့ စိုးရိမ်စရာ ​ကောင်း​လောက်တဲ့ အ​နေအထားမဟုတ်ဘူးလို့ယူဆတယ်”ဟု အမျိုးသားတစ်ဦးက ​ထောက်ပြ​ပြောဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here