ဆိုက်ခေါင်တွင် ဒေသန္တရ ညမထွက်ရအမိန့် ထုတ်ပြန်

0
160

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့တွင် ဒေသန္တရ ညမထွက်ရ အမိန့်ကို ယမန်‌နေ့ ဖေဖော်ဝါရီ (၁၃) ရက်တွင် ထုတ်ပြန်ထားကြောင်း ဒေသခံအချို့ထံမှသိရသည်။

ဒေသအတွင်း ညမထွက်ရအမိန့်ကို ညနေ (၅)နာရီခွဲမှ နံနက် (၆)နာရီအထိ သွားလာဖြတ်သန်းခွင့် ကန့်သတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ညမထွက်ရအမိန့် ကန့်သတ်ချက်အား ဆိုက်ခေါင်မြို့အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများလည်း အကြုံးဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ ညမထွက်ရ အမိန်ထုတ်ပြန်ခြင်းမှာ တိုက်ပွဲဖြစ်ပွားရာ ဆီဆိုင်မြို့နှင့် အနီးဆုံးမြို့ဖြစ်သည့်အတွက် ညအချိန်သွားလာမှုများ ကန့်သတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေ သခံများက သုံးသပ်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here