မြန်မာနှင့် Vietnam-Malaysia Business Association တို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေး

0
223

Vietnam-Malaysia Business Association ဒုတိယ ဥက္ကဋ္ဌ Ms. Van Nguyen နှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက်ပိုင်းက တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် Vietnam-Malaysia Business Association မှ ကမ်းလှမ်းလာသည့် မြန်မာ့ဆန်တန်ချိန် ၁၅၀,၀၀၀ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရေးနှင့် စပ်လျဉ်း၍လည်း စေ့စပ်ညှိနှိုင်းလိုသည့်အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ထို့အပြင် Vietnam-Malaysia Business Association မှ လတ်တလော ဆောင်ရွက်နေသည့် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် တတိယနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းနေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည် ။ 

Vietnam-Malaysia Business Association  ၏ ဒုတိယဥက္ကဋ္ဌမှ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ကဏ္ဍများရှိပါက ၎င်းတို့အဖွဲ့အစည်းအား အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းအား ဗီယက်နမ်-မလေးရှား စီးပွားရေးအဖွဲ့အစည်း (Vie tnam-Malaysia Business Association) ၏ ဒုတိယဥက္ကဋ္ဌ  အား ဖေဖေါ်ဝါရီ (၁၄)ရက် နံနက် (၁၀) နာရီခွဲတွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here