ပုဂံဒေသရှိ ရှေးဟောင်းရေကန် (၄၆)ကန် ပြန်လည်တူးဖော် ထိန်းသိမ်းမှုတွင် ရဟန်းရှင်လူပြည်သူများ ပါဝင်လှူဒါန်းနိုင်

0
295

ပုဂံခေတ်၌ ရေပေးဝေစနစ်များဖြင့် အသုံးပြုခဲ့သောရှေး ဟောင်းရေကန် (၄၆) ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်းလျက်ရှိပြီး ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ 

ပုဂံဌာနခွဲမှ သိရသည်။

ပုဂံခေတ်တွင် တူးဖော်အသုံးပြုခဲ့သော ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော် ထိန်းသိမ်းခြင်းနှင့် ရေစီးလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်၍ ပုဂံနန်းတော်ကြီးကျုံးအတွင်း ရေဝင်ရေစီးကြောင်းများ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ရှေးဟောင်းရေကန် (၄၆) ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်းလျက်ရှိကြော င်း သိရသည်။

ယင်းကြောင့် ရေကန်တစ်ကန်ချင်း လှူဒါန်းလိုသည်ဖြစ်စေ၊ ရဟန်းရှင်လူပြည်သူများ တတ်စွမ်းသမျှ လှူဒါန်းလိုသည် ဖြစ်စေ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ) နေပြည် တော် (ဖုန်း၊၀၆၇-၃၄၀၈၄၁၈)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ (ဖုန်း ၀၉-၅၀၆၁ ၈၃၂၊ ၀၁-၇၅၁၃၈၉၇)၊ ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာန၊မန္တလေးဌာနခွဲ (ဖုန်း ၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁)၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ (ဖုန်း ၀၉-၂၀၀၁၉၀၆၊ ၀၆၁ -၂ ၄၆၀၂၆၉) နှင့် KBZ Bank NYAUNG OO BRANCH ACCOUNT No.0671390671442-701) ပေးပို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here