တောင်ကိုရီးယားနိုင်ငံသို့  မြန်မာ့ဆားတန်ချိန် (၅၀၀၀) တင်ပို့ရန်လျာထား

0
136

၂၀၂၄ခုနှစ် အတွင်းတောင်ကိုရီးယားနိုင်ငံသို့  မြန်မာ့ဆားတန်ချိန် (၅၀၀၀) တင်ပို့ရန်လျာထားကြောင်း မွန်ပြည်နယ်၊ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသို့ မွန်ပြည်နယ်မှထွက်ရှိသည့် ဆားကို အဓိကတင်ပို့နေပြီး နောက်ပိုင်းတွင် ဧရာဝတီ တိုင်းမှထွက်ရှိသည့် ဆားကိုတင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဆားတန်ချိန် (၅၀၀) တင်ပို့ထားပြီး တောင်ကိုရီးယားနိုင်ငံတွင် မြန်မာ့ဆားဈေးကွက် ရှိသည့်အတွက် ဈေးကောင်းရနေကြောင်းနှင့် တန်ချိန် ၃၀၀၀၀ တင်ပို့ခွင့်ရပါက ဧရာဝတီတိုင်းမှထွက်ရှိသည့် ဆားကိုတင်ပို့မည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင်  ဆားချောတစ်ပိဿာ ကျပ် ၂၈၀ အထိဈေးနှုန်းရှိပြီး တစ်ပိသာလျှင်ကျပ် ၅၀အထိ မြင့်တက်လာခဲ့ပြီးဆားကြမ်း တစ်ပိသာလျှင် ၁၇၀ ကျပ်အထိ‌ဈေးနှုန်းရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင်  ၂၀၂၁ -၂၀၂၂ ဆားရာသီ၌  မိုးရွာသွန်းမှုကြောင့် တန်ချိန်တစ်သိန်းခန့်သာ ထွက်ရှိခဲ့ပြီး ၂၀၂၂ -၂၀၂၃ ဆားရာသီတွင် ရာသီဥတု ကောင်းမွန်မှုကြောင့် တန်ချိန် ၁၄၂၀၀၀ အထိ ထွက်ရှိခဲ့ကာယခုနှစ်တွင် လည်းအယ်နီညိုရာသီဥတုကြောင့် အထွက်နှုန်းဆက်လက်ကောင်းနိုင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here