မြို့ပတ်ရထားလမ်းပိုင်းရှိ ပလက်ဖောင်းများ အဆင့်မြှင့်တင်ရန် စီစဉ်‌ဆောင်ရွက်နေ

0
157

ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ပြေးဆွဲ မည့်ရထားလမ်းပိုင်းရှိ ဘူတာပလက်ဖောင်းများကို အဆင့်မြှင့်တင်ရန် စီစဉ်‌ဆောင်ရွက်နေကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ပြေးဆွဲမည့် ရထားလမ်းများတွင် ခရီးသည်များ အဆင်းအတက် အဆင်ပြေစေရေးအတွက်  အဆင်းအတက်လှေကားနှင့် ပလက်ဖောင်း များညီမျှမှုရှိအောင် အဆင့်မြှင့်တင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“RBE ရထားတွေကမြင့်တော့ ပလက်ဖောင်းနဲ့ မကိုက်ဘူး။ ဒါကြောင့် ခရီးသည်တွေ အတတ်အဆင်းအဆင်ပြေအောင် ပလက်ဖောင်းတွေကို အဆင့်မြှင့်တင်ရခြင်း ဖြစ်ပါတယ်။ ရန်ကုန်ဘူတာကြီးကနေ စလုပ်ဖို့ပြင်ဆင်နေတုန်း”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့မီးရထားမှ အမြန်လူစီးရထားခရီးစဉ် (၁၈) ခု၊ စာပို့ရထားခရီးစဉ် (၁၂) ခု၊ လူစီး ကုန်တင်ရထားရီးစဉ် (၈)ခုအပြင် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် (၃၀) စုစုပေါင်း ရထားခရီးစဉ် (၆၈) ခုဖြင့် ရထားခရီးစဉ်များပြေးဆွဲနေကြောင်း သိရသည်။

ထို့ပြင် ခရီးသည်များလုံခြုံရေးအတွက် နယ်ဝေးရထားခရီး စဉ်များကိုလည်း အချိန်ပြောင်းလဲ ပြေးဆွဲပေးနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here