အာကာသထဲတွင် နျူလက်နက်များ ဖြန့်ကျက်ရန် ရုရှား စီစဉ်နေဟု အမေရိကန်ဆိုပြန်

0
233

ရုရှားသည် အာကာသထဲတွင် နျူလက်နက်များ ဖြန့်ကျက်ရန် စီစဉ်နေသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားထားပြီး မိမိတို့နိုင်ငံအား အမျိုးသား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ရှိလာနိုင်သည်ဟုလည်းဆိုကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ABC သတင်းဌာနက ရေးသားထားသည်။

ဂြိုလ်တုများကို နျူလက်နက်များတပ်ဆင် အသုံးပြုနိုင်စွမ်းနှင့် ဆက်စပ်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ “ဒါဟာ အရမ်းစိုးရိမ်ပြီး အရမ်းအကဲဆတ်ပါတယ်” ဟု တစ်ခုမှ ပြောကြားချက်ကို ကိုးကား၍ ABC သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ မိုက်တန်နားက “အထူးဂရုပြုရမည့် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု” နှင့် ပတ်သက်၍ ကွန်ဂရက် လွှတ်တော် အဖွဲ့ဝင်များ အားလုံးထံ အချက်အလက်များ တင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ “မကြာသေးမီက ကျွန်ုပ်တို့သတိပြုမိခဲ့သည့် ရုရှား၏ စွမ်းရည် သည် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး အထူးအလေးထားရမည်”ဟု မိုက်တန်နားက ဆိုထားကြောင်းကိုလည်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန် က ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ထင်ရှားသော အဖွဲ့တစ်ဖွဲ့အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်မည်ဟု ပြောသည်။ သို့ရာတွင် လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်ကမူ “အများပြည်သူအတွက် သတိပေးချက်ထုတ်ပြန်ဖို့တော့ မလိုပါဘူး”ဟု ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here