သုဝဏ္ဏဘောလုံးကွင်းရှေ့တွင် လိုက်ထရပ်ယာဉ်နှင့် အိမ်စီးကားတို့ ဆင့်တိုက်မှုဖြစ်ပွားရာ (၃) ဦး ထိခိုက်ဒဏ်ရာရ

0
104

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းအရှေ့တွင် လိုက်ထရပ်ယာဉ်နှင့် အိမ်စီးကားတို့ ဆင့်တိုက်မှုဖြစ်ပွားရာ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၄)ရက်၊ ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏဘောလုံးကွင်း အရှေ့တွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားကြောင်း သတင်းအရ Medical လူငယ်များ လူမှုကူညီရေးအသင်းများ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား(၁)ဦးမှာ အနီရောင်အဆင့်နှင့် အမျိုးသမီး(၂)ဦးမှာ အဝါရောင်အဆင့်ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် Medical လူငယ်များ လူမှုကူညီရေးအသင်း Ambulance ယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here