ဘောလုံးရာသီသစ်အတွက် လက်ရှိချန်ပီယံ မြဝတီအမျိုးသမီးအသင်း စတင်လေ့ကျင့်နေ

0
131

Myanmar Women League အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ လက်ရှိချန်ပီယံ မြဝတီအမျိုးသမီးအသင်း သည် လာမည့်ဘောလုံး ရာသီအတွက် စတင်လေ့ကျင့်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ အမျိုးသမီးလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲကို လာမည့် မတ်လတွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်း (၁၀) သ င်းအထိ အသင်းအရေအတွက် တိုး၍ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

Myanmar Women’s League ပြိုင်ပွဲအား (၂၀၁၆) ခုနှစ်မှ စတင်ကာကျင်းပနေပြီး ကျင်းပပြီးစီးခဲ့သည့် မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲ ငါးကြိမ်တွင် မြဝတီအသင်းကချန်ပီယံဆု သုံးကြိမ်ရရှိထားပြီး မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားသည်။

မြဝတီ အမျိုးသမီးအသင်းသည် AFC Women Club Championship ဘောလုံးပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here