၂၀၂၄ ခုနှစ် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) စာမေးပွဲကို ဇူလိုင် (၇) ရက်တွင်ကျင်းပမည်

0
134

၂၀၂၄ ခုနှစ်အတွက် ဂျပန်ဘာသာအရည်အချင်းစစ်စာမေး ပွဲ (JLPT) ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ဇူလိုင် (၇) ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ စာမေးပွဲအတွက် Online မှ လျှောက်လွှာလက်ခံမ ည့် လူဦးရေးမှာ Level အားလုံးအလိုက် ၄၀၀၀၀ လက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် Online System ဖြင့်လက်ခံခြင်းကို N1 ၊ N2 အတွက် မတ်လ (၆)ရက်၊ (၇)ရက်နှင့် (၁၅) ရက်တို့တွင်လည်းကောင်း၊ N3 အတွက် မတ်လ (၁၁)ရက် ၊ (၁၂)ရ က်နှင့် (၁၅)ရက်တို့တွင်လည်း‌ကောင်း၊ N4 အတွက် မတ် (၁၃) ရက်၊ (၁၄) ရက်နှင့် (၁၉)ရက် တို့တွင်လည်းကောင်း၊  N5 အတွက် မတ် (၇)ရက် ၊ (၈) ရက်နှင့် (၁၈) ရက်သတ်မှ တ်ထားကြောင်း သိရသည်။

စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးများမှာ Level N1  ၊Level N2 ၊ Level N3 တို့အတွက် ၅၀၀၀၀ ကျပ်စီ ဖြစ်ပြီး Level N4 နှင့် Level N5 တို့အတွက် ၄၅,၀၀၀ ကျပ်စီဖြစ် ကြောင်း သိရသည်။

Online မှ လျှောက်လွှာလက်ခံမည့် အချိန်မှာ System သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ဘဲ လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင် ပြေသည့်ရက်တွင် Online System သို့ ဝင်ရောက်လျှောက် ထား နိုင်ကြောင်း သိရသည်။

သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း ကြိုတင်စာရင်းပေးသွင်းခြင်းကို Google form မှ တဆင့် ဖေဖေါ်ဝါရီ (၁၉) ရက်မှ (၂၃) ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကာ သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၇၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းအရေအတွက် များပြားလာသဖြင့် အရေအတွက်လျော့ချ သတ်မှတ်ရခြင်းဖြစ်ပြီး မိမိတို့ ကျောင်းမှ အမှန်တကယ် လိုအပ်သည့် ပမာဏကိုသာ လျှောက်ထားရန် မေတ္တာရပ်ခံထားသည်။

လျှောက်ထားသည့် ကျောင်းအားလုံးအားခွဲဝေပြီး လျှောက်လွှာပိုမိုပါက (၇၀) စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှ ခွဲဝေသတ်မှတ်ပြီး ရောင်းချပေးသွားမည် ဖြစ်ကာ လျှောက်လွှာ အရောင်းကာလကို ရန်ကုန်စာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉)ရက်မှ မတ်လ (၂) ရက် ၊ မန္တလေးစာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉) ရက် မတ်လ (၁) ရက်အထိဖြစ်ကြောင်း သိရသည်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်းကို လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ Level အား လုံးအတွက် မတ်လ (၄) ရက်မှ (၆) ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here