စနေဂြိုဟ်၏ အေးခဲနေသောလတွင် မြေအောက်သမုဒ္ဒရာ ရှိဟုဆို

0
150

စနေဂြိုဟ် ၏ အေးခဲနေသောလ Mimas တွင် ကြီးမားသော မြေအောက် သမုဒ္ဒရာတစ်ခု ရှိနေကြောင်း သက်သေ အထောက်အထား အသစ်များ အရ သုတေသီများက ဆိုသည်။

နက္ခတ္တဗေဒပညာရှင်များသည် အမေရိကန် အာကာသအေဂျင်စီ NASA ၏ Cassini အာကာသယာဉ်မှ စုဆောင်းရရှိထားသော အချက်အလက်များအပေါ် အခြေခံ၍ ယင်း သမုဒ္ဒရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

NASA ၏ Cassini အာကာသယာဉ်သည် စနေဂြိုဟ်နှင့် ၎င်း၏လ ၁၄၀ ကျော်ကို ၁၀ နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာခဲ့ပြီးမှ ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းစဉ်များကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

Mimas လ၏ အေးခဲနေသောမျက်နှာပြင်အောက် ကီလိုမီတာ ၂၀ မှ ၃၀ ခန့် အနက်တွင် တည်ရှိနေသော မြေအောက် လျှို့ဝှက်ရေပြင်ကြီး၏ အကောင်းဆုံးအထောက်အထားများကို Cassini အာကာသယာဉ်မှ ရရှိထားသော အချက်အလက်များက သက်သေပြခဲ့ကြောင်း သုတေသီများက အစီရင်ခံတင်ပြခဲ့သည်။

Mimas သည် ကီလိုမီတာ ၄၀၀ ခန့် ကျယ်ဝန်းသော သေးငယ်သည့် လဖြစ်သည်။ Mimas သည် အခြားလများတွင် တွေ့ရှိရသည့် သတ္တုဖွဲ့စည်းပုံများ ကင်းမဲ့နေပြီး မြေအောက်ရေများ ရှိနေကြောင်း သုတေသီများက ဆိုသည်။

Mimas ၏ မျက်နှာပြင်အောက်တွင် တည်ရှိသော ရေပမာဏသည် ကမ္ဘာ့သမုဒ္ဒရာများအားလုံးပေါင်း ရေပမာဏ၏ ၁.၂ မှ ၁.၄ ရာခိုင်နှုန်းအထိရှိကြောင်း သုတေသီတို့က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here