၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန် ပုံငွေ ကျပ်သန်း (၃၉၀) ကျော် ထုတ်ချေးပေးခဲ့

0
79

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သန်း (၃၉၀) ကျော် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲခေါင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်ထိ ကျေးရွာပေါ င်း ၂၇၉ ရွာ၊ စီမံကိန်းယူနစ် ၂၆၆ ယူနစ် ကျပ်သန်း ၇၉၀၀ ကျော် ထုတ်ချေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြ င့် ကျေးရွာ (၁၁) ရွာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကျေးရွာ (၂) ရွာ စုစုပေါင်း ကျေးရွာ (၁၃) ရွာကို ကျပ်သန်း (၃၉၀) ကျော် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆိုသည်မှာ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အထောက်အပံ့ ဖြစ်စေရန် ကျေးလက်နေ ဆင်းရဲသား ပြည်သူများအလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီး ကျေးရွာအချို့အား ချေးငွေချ ထားပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here