လက်ရွှေးစင်ကစားသမားဟောင်း ကြည်လင်းကိုပါ ထပ်မံခေါ်ယူလိုက်သည့် ရခိုင်ယူနိုက်တက်

0
125

လာမည့်‌ဘောလုံးရာသီအတွက် ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်နေသော ရခိုင်ယူနိုက်တက်အသင်းသည် လက်ရွှေးစင်ကစားသမားဟောင်း ကြည်လင်းကိုပါ အသင်းသို့ထပ်မံခေါ်ယူလိုက်ကြောင်း သိရသည်။

ပရိသတ် ချစ်ခင်အားပေးမှုရရှိထားသည့် လက်ရွေးစင်က စားသမားဟောင်း ကြည်လင်းသည် ဒဏ်ရာကြောင့် အနား ယူနေရာမှ ရခိုင်ယူနိုက်တက် အသင်းနှင့် ယနေ့ ဖေဖော်ဝါရီ (၁၅) ရက်တွင် စာချုပ်ချုပ်ဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ရခိုင်ယူနိုက်တက်သည် ပြည်သူ့အချစ်တော် ကစာသမား ကျော်ကိုကိုပါ ခေါ်ယူထားသောကြောင့် မြန်မာ့လက်ရွေးစင်အသင်း၏ တွဲဖက်ဖြစ်သော ကျော်ကိုကိုနှင့် ကြည်လင်းတို့ ၏ အတွဲကို ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။

ထို့အပြင်လလက်ရွှေးစင် ကစားသမား ကောင်းစည်သူကိုလ ည်း ရခိုင်ယူနိုက်တက် အသင်းက တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီအ တွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်‌နေပြီး ပြည်ပနည်းပြနှင့် နာမည်ကြီးကစားသမားများကို ခေါ်ယူထားရုံသာမက အပျော်တန်း ဘောလုံးဝါသနာရှင်များထဲမှ ကစားသမားများကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here