မင်းလှမြို့တွင် ISUZU BIG GORN ကားပေါ်မှ ငွေကျပ်သိန်း ၄၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
135

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ISUZU BIG GORN ကားပေါ်မှ ငွေကျပ်သိန်း ၄၈၀၀ တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ (၁၃) ရက် ညနေ (၆) နာရီ (၃၀) မိနစ်အချိန်တွင် သက်သေများနှင့်အတူ မင်းလှမြို့နယ်၊ ရွှေချောင်းကျေးရွာအနီးတွင် အောင်ကိုလတ် မောင်းနှင်ပြီး ဇော်မြင့်(ခ)ရေခဲ နှင့် လင်းလင်းထိုက်တို့ လိုက်ပါလာသ ည့် ISUZU BIG GORN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၄၈၀၀)နှင့် မြန်မာငွေကျပ် ၅၂၀၀၀ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အောင်ကိုလတ်(၃၅)နှစ်၊ ဇော်မြင့်(ခ)ရေခဲ(၅၂)နှစ် နှင့် လင်းလင်းထိုက်(၄၃)နှစ်တို့အား ရေနံမနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here