ဘီးလင်း- ကျိုက်ကော်လမ်းတွင် တွဲကားနှင့် probox ယာဉ်တိုက်မိပြီး ဖြစ်ပွားရာ (၆) ဦး အသက်ဆုံးရှုံး 

0
193

မွန်ပြည်နယ်၊ ဘီးလင်း- ကျိုက်ကော်လမ်းပိုင်း ၁၃၄ / ၇ မိုင်တွင် တွဲကားနှင့် probox ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားရာ (၆) ဦး အသက်ဆုံးရှုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်း လူမှုကယ် ဆယ်ရေး အဖွဲ့များထံမှ ကနဦးသတင်းများအရ သိရသည်။ 

ယနေ့ ဖေဖော်ဝါရီ (၁၅)ရက် နံနက်ပိုင်းအချိန်က သထုံမြို့န ယ် ၊ ကရင်လေးဆိပ် ကျေးရွာအနီး ဘော်ခမ်းကွင်းကုန်းဆင်း  ဘီးလင်း- ကျိုက်ကော်လမ်းပိုင်း ၁၃၄ / ၇ မိုင်တွင် တွဲကားနှင့် probox ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး  ‌သေဆုံးသူ (၆) ဦးတွေ့ရှိထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆော င်ရွက်လျက်ရှိကြောင်း သိရသည်။

“ဘီးလင်း-ကျိုက်ကော်လမ်းပိုင်းမှာ တွဲကားနဲ့ probox တိုက်မိလို့ လက်ရှိ ‌သေဆုံးသူ (၆) ဦး တွေ့ရှိထားပြီး ကားထဲမှာ ညှပ် နေတဲ့ အလောင်းတွေကို ကရိန်းနဲ့ ဆွဲထုတ်ဖို့ လုပ်နေပါတယ်”ဟု ဒေသတွင်း လူမှုကယ်ဆယ်ရေး အဖွဲ့က ဆိုသည်။ 

လက်ရှိတွင် မီးသတ်တပ်ဖွဲ့(ဘီးလင်း၊ ကျိုက်ကော်)ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ မိုးကောင်း Rescue၊ ပီတိနှလုံသား Res cue အဖွဲ့များ ရောက်ရှိကာ ကူညီကယ်ဆယ်ရေးများ လုပ် ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here