တောင်ကြီးမြို့ ဖာမွန်းဘုန်းကြီးကျောင်းရှိ စစ်ရှောင်ပြည်သူ (၃၀၀)ခန့် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေဟု ဆို

0
124

တောင်ကြီးမြို့၊ ဖာမွန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူ (၃၀၀) များမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှ လာရောက်ခိုလှုံကြသော ဒေသခံများဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက်က စတင်ရောက်ရှိလာခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပာ စစ်ရှောင်များအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ဒေ သခံစစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူ လာနယူးစ်ကို ပြောသည်။

“မနေ့က ရောက်လာကြတာပေါ့။ ကျောင်းကလက်ခံပေးနေပါတယ်။ အားလုံးက ဆီဆိုင်နဲ့ ဘေးပတ်လည်ရွာက ဒေသခံတွေပါဗျ။ စစ်ရှောင်ဆိုတဲ့အတိုင်းဘဲ လိုအပ်ချက်က အား လုံးလိုအပ်နေတာပေါ့။ ဒီနေ့ ညနေပိုင်း ရောက်လာမှာလည်း ရှိနေတော့ လောလောဆယ် ၃၀၀ ဝန်းကျင်လောက်တော့ရှိမယ်”ဟု ၎င်းက ပြော သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီတတိယပတ်မှစ၍ တပ်မတော်နှင့် ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့အကြား စစ်ရေးတ င်းမာမှုများဖြစ် ပေါ်နေပြီး ဆီဆိုင်မြို့အနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here