ရုရှားသည် ကင်ဆာကာကွယ်ဆေးထုတ်ရန် နီးစပ်နေပြီ–ပူတင်

0
211

မော်စကို၊ဖေဖော်ဝါရီ ၁၅

ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားသည် ကင်ဆာရောဂါ ကာကွယ်ဆေးများ ကို ထုတ်နိုင်တော့မည်ဖြစ်ရာ မကြာမီ ကင်ဆာ ကာကွယ်ဆေးများကို ရရှိနိုင်တော့မည်ဖြစ်ကြောင်းနှင့် ရုရှား၏သိပ္ပံပညာဆိုင်ရာကြိုးပမ်းမှုများမှ သိသာထင်ရှားသောတိုးတက်မှုတစ်ရပ်အဖြစ်ထုတ်ပြန်ကြေငြာခဲ့သည်။

ရုပ်မြင်သံကြား၌မိန့်ခွန်းပြောကြားစဉ်တွင် ပူတင်က “ကျွန်တော်တို့ဟာ ကင်ဆာကာကွယ်ဆေး တွေနဲ့ ကိုယ်ခံအားမြင့်မားစေမယ့် ဆေးတွေကို  ထုတ်လုပ်တဲ့ နယ်ပယ်‌တွေမှာ သိသာထင်ရှားတဲ့မှတ်တိုင်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်၊ဒီတိုးတက်မှုတွေဟာ သိပ်မကြာခင်မှာပဲ ထိရောက်တဲ့တစ်ဦးချင်းသီးသန့်ကုထုံးတွေဖြစ် လာမယ်လို့မျှော်လင့်ပါတာ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ရုရှားထုတ်ကင်ဆာကာကွယ်‌ဆေးသည် မည့်သည့်ကင်ဆာအမျိုးအစားအတွက်ထုတ်လုပ်သည်နှင့် မည်သို့သောလုပ်ဆောင်ချက်များရှိသည်ဟူ‌သောအချက်များနှင့်ပတ်သက်၍ ပူတင်ကပြောကြားခဲ့ခြင်းမရှိသော်လည်း နိုင်ငံအများအပြားနှင့် အဖွဲ့အစည်းများသည် အလားတူသုတေသနလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေကြသည်ကိုလည်းတွေ့ရသည်။ 

ဥပမာအားဖြင့်မူ ယမန်နှစ်က ယူကေအစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် လူနာ ၁၀,၀၀၀ ဦးအထိစမ်းသပ်ကုသနိုင်ိုင်ရန်မျှော်မှန်းချက်ဖြင့် တစ်ဦးချင်းကင်ဆာကုသမှုများအတွက် လက်တွေ့စမ်းသပ်မှုများစတင်ရန် ဂျာမနီနိုင်ငံအခြေစိုက် BioNTech နှင့် သဘောတူညီချက်တစ်ခုလည်းရရှိခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း သားအိမ်ခေါင်းကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးကိုဖြစ်ပွားစေသည့် human papillomaviruses (HPV) နှင့် အသည်းကင်ဆာဖြစ်စေနိုင်သည့်အသည်းရောင်အသားဝါ B (HBV) ပိုးတို့အတွက်ရည်ရွယ်သည့် လိုင်စင်ရကာကွယ်ဆေးခြောက်မျိုးကို ရနိုင်ကြောင်းကိုလည်းတင်ပြခဲ့ဖူးသည်။

Source : မင့်ထ်


LEAVE A REPLY

Please enter your comment!
Please enter your name here