4 men marathon ဖလား အဲမွီယှဉ်ပြိုင်ထိုးသတ်မည်

0
116

ကမ္ဘောဒီးယားနိုင်ငံ၌ မတ်လ(၂၄)ရက်တွင် ပြုလုပ်မည် 4 men marathon ဖလားပြိုင်ပွဲအတွက် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့ကျော် အဲမွီ သွားရောက်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကြောင်း ANS ၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါပွဲ ပြုလုပ်ရာတွင် ကစားသမားလေးဦး မဲနှိုက်စနစ်ဖြင့် တွဲဆိုင်းနှစ်ဆိုင်း ထိုးသတ်သွားမည်ဖြစ်ပြီး၊ ကမ္ဘောဒီး ယားနိုင်ငံသား One Champi -onship သံဇကာကစားသ မား Chan Rotanaနှင့် အဲမွီအပါအဝင် ထိုင်းနိုင်ငံသား က စားသမားနှစ်ဦးတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

“ပြိုင်ပွဲက ကမ္ဘော‌ဒီးယားမှာ လုပ်မယ်။ ကစားသမားလေးဦးယှဥ်ပြိုင်မှာ‌ပေါ့။အဲဒီမှာ အဲမွီ ပါမယ်။ ပြိုင်ပွဲကို လေးဦးမဲနှိုက်မယ်။ ကျတဲ့သူနဲ့ အရင်ထိုးမယ်။ ပြီးတော့မှ ခဏပဲနားပြီး တွဲဆိုင်တစ်ဆိုင်းဆီက နိုင်တဲ့သူနဲ့ ဖလားအတွက် ဖိုင်နယ်ထပ်ထိုးရမယ်။ အဲမွီကတော့ အခု လေ့ကျင်ပြင်ဆင်မှုတွေလုပ်နေပြီ။ သံဇကာထဲမှာ ထိုးတဲ့ကစားသမားပါလာတော့ ပွဲကောင်းတစ်‌ပွဲ ဖြစ်မှာပါ “ဟု ၎င်းက ဆိုသည်။

ယှဉ်ပြိုင်ထိုးသတ်ရာတွင် (၁၂)အောင်စလက်အိတ်ဖြင့် သုံးမိနစ် သုံးချီ ထိုးသတ်ရမည်ဖြစ်သည်။

ထို့အပြင် အဲမွီ ပြန်လည် စိန်ခေါ်ထားသည့် ကမ္ဘောဒီယားဖိုက်တာ Phal Soph -orn အနေဖြင့်လည်း ရိုးရာစည်းမျဉ်းအ တိုင်း ထိုးသတ်ရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြော င်း သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ (၈ )ရက်က ပြုလုပ်ခဲ့သော ပြိုင်ပွဲတွင် အဆိုပါ ကမ္ဘောဒီယားဖိုက်တာ Phal Sophorn အား ရိုးရာလက်ဝှေ့ကျော် အဲမွီက ရှုံးနိမ့်ထားသဖြင့် မကျေပွဲ ပြန် လည်ထိုးသတ်မည့် ပွဲဖြစ်ကြောင်း သိရသည်။

“ဟိုဘက်ကစားသမားက ထိုးဖို့ လက်ခံထားပါပြီ။ ဒါပေမဲ့ညှိနှိုင်းရမှာတွေရှိတာကြောင့် လအနည်းငယ်တော့ကြာပါဦးမယ်”ဟု ANS ၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်က ပြောသည်။

Phal Sophorn သည် ကမ္ဘောဒီးယား ပထမတန်း မွေထိုင်း နာမည်ကျော် ဆန်ချိုင်းကို ယှဉ်ပြိုင်ထိုးသတ်ထားဖူးသူလ ည်းဖြစ်သည်။

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် အဲမွီသည်လည်း ရွှေခါးပတ်ချ န်ပီယံတစ်ဦးဖြစ်ကာ One Championship တွင် ထိုးသ-တ်ခွင့်ရရန် ပြင်ဆင်နေသူတစ်ဦးလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here