ဇရပ်ကြီးစစ်ရှောင်ပြည်သူများထဲမှ နေရပ်ပြန်သူ အိမ်ထောင်စု (၃၀)ခန့် ရှိလာ

0
105

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့နှင့် အနီးတဝိုက်တွင် ‌စစ်ဘေးရှောင်ရန်ရောက်ရှိနေကြသည့် ဇရပ်ကြီးမြို့မှ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်လျက်ရှိရာ လက်ရှိတွင် အိမ် ထောင်စု (၃၀) ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ(၁၄)ရက် မွန်းလွဲပိုင်းက ဇရပ်ကြီးစစ်ရှောင်ပြည်သူ အိမ်ထောင်စု (၂၀)ခန့် နေရပ်သို့ ထပ်မံပြန်သွားကြကြော င်း ဒေသတွင်း စစ်ရှောင်အရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ(၁၃)ရက်၌ အိမ်ထောင်စု (၇)စုခန့်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် အိမ်ထောင်စု (၃)စု ကို နေရပ်သို့အသုတ်လိုက် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းလ ည်း သိရသည်။

“တိုက်ပွဲက ငြိမ်သွားပြီဆိုတော့ ပြန်ကြတာပါ။ စခန်းမှာကလည်း ကြာရှည်ဘယ်နေနိုင်ကြမလဲ။ တိုက်ပွဲတွေငြိမ်သွားတော့လည်း ပြန်ချင်ကြတာပေါ့။ နောက်ရက်တွေလည်း ပြန်ချင်တဲ့သူရှိရင် လိုက်ပို့ပေးမှာပါ။ စစ်ရှောင်စခန်းတွေက လူရှိနေသေးတဲ့အတွက် ဆက်ဖွင့်ထားပါတယ်”ဟု ၎င်းက ပြော သည်။

လက်ရှိ စခန်းများတွင် ကျန်ရှိနေသေးသည့် ဇရပ်ကြီး နေရပ်ပြန် စစ်ရှောင် ပြည်သူများကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့များပူးပေါင်း၍ ကြက်ဥ၊ အာလူး၊ မာမားခေါက်ဆွဲခြော က်၊ ဟင်းသီးဟင်းရွက်နှင့် အဝတ်အထည်များ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဇရပ်ကြီး စစ်ရှောင်ပြည်သူများ ခိုလှုံရန် တောင်ငူမြို့တွင် စစ်ရှောင်စခန်းအား (၄၆)နေရာဖွင့်လှစ်ထားရှိပြီး စစ်ရှောင် (၄,၀၀၀)ကျော် ခိုလှုံလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here