၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမည်

0
172

နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် ကျန်လပ်မှုမရှိစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း မဲဆန္ဒရှင်စာရင်း ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှ သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၅)ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲဝင်များ၊ ပြည်ထဲရေးဝန်ကြီး ဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

နစက အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို အလေးထားသည့်အတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက် ယူရေးကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြိုနယ်အဆင့်ထိ ဖွဲစည်းပေးခဲ့ပြီး ဆောင်ရွက်စေခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

ထို့အပြင် ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့အ နေဖြင့် မဲစာရင်းပြုစုရာတွင် လိုအပ်ချက်များ အဆင်ပြေစေရေး ညှိနှိင်းဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြေပြင်စာရင်းကောက်ယူရေးကော်မတီဖွဲစည်းမှုနှင့် ဆောင်ရွက်ခဲ့မှု၊ မြေပြင်စာရင်းကောက်ယူရရှိမှု အခြေအနေ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လူဦးရေစာရင်း (ပထမမူကြမ်း) ပေးပိုခဲ့မှု အခြေအနေ၊ ဆန္ဒမဲပေးရာတွင် အဓိကကျသည့် နိုင်ငံသားစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်များဆောင်ရွက်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

ထို့အပြင် နိုင်ငံရေးပါတီများ၏ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီဝင်အင်အား စိစစ်မှု အခြေအနေ၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် ကျန်လပ်မှုမရှိစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး ဆောင် ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သ ည်။

ကော်မရှင် အဖွဲဝင်များက တွေ့ကြုံရသည့် လိုအပ်ချက်များကို တင်ပြကြရာ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးတို့က ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here