သာကေတမြို့နယ်တွင် ကား(၅)စီး ဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရ

0
206

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရတနာလမ်းမကြီးနှင့် လယ်ယာ(၂)လမ်းထိပ်တွင် ကား(၅)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ ပြည်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ (၁၅)ရက်၊ ညနေ (၄)နာရီ (၄၀)မိနစ်အချိန်ခန့်က လယ်ယာ(၂)လမ်းထိပ်တွင် ကား(၅)စီး ဆင့်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အောင်မင်္ဂလာလူမှုကူညီရေးအသင်းနှင့် မိတ်ဖက်အသင်းများမှ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရလူနာ အမျိုးသား (၄)ဦးအား အောင်မင်္ဂလာလူမှုကူညီရေးအသင်း လူနာတင် ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here