အုန်းအခြေခံ ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲကို (၂) ရ က်ကြာ ကျင်းပနေ

0
121

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အုန်းအခြေခံ ထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲကို ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် (၂)ရက်ကြာ ကျင်းပနေကြော င်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

အက်ခ်မက် – ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် “ဧ ရာဝတီ တိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ် ကု န် (အုန်းသီး) တန်ဖိုးကွင်းဆက်တလျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း”၏ အစီအစဉ်တစ်ခုဖြစ်သည့် “အုန်း အခြေခံ ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ” ဖွင့်ပွဲအခမ်း အနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်း မ၌ ဖေဖော်ဝါရီလ (၁၅) ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြပွဲနှင့် ပြိုင်ပွဲတွင် စီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့သော သင်တန်းသားများမှ အုန်းပျိုးပင်၊ အုန်းသီးစိမ်းနှင့် အု န်းအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများဖြစ်သည့် စား သောက်ကုန်၊ လူသုံးကုန်နှင့် လက်မှုပစ္စည်းများကို ပါဝင်ပြ သလျက်ရှိကြောင်း၊ အခြားသော အုန်းအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များလည်း ပါဝ င်ပြသလျက်ရှိကြောင်း သိရသည်။

ပြပွဲနှင့် ပြိုင်ပွဲ ဒုတိယနေ့တွင် ပြိုင်ပွဲဝင် အုန်းအခြေခံထု တ်ကုန်ပစ္စည်းများအနက် အရည်အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းများကို ဆုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ “အုန်းအခြေခံ ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၅) ရက်မှ (၁၆) ရက်အ ထိ (၂) ရက်ကြာ ကျင်းပပြုလုပ်နေပြီး ပြခန်းပေါင်း (၂၇) ခန်း ပါဝင်ပြသနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here