ရန်ကုန်မြို့ နှင့် စိန့်ပီတာစဘတ်မြို့တို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်နိုင်ရေး ဆွေးနွေး

0
165

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တို့အား ညီအစ်မမြို့များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စရပ်များကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်ဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ – ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့များသည် ဆိပ်ကမ်းမြို့ များဖြစ်ပြီး Sister Cities ညီအစ်မမြို့များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြန်မာ – ရုရှားနှစ်နိုင်ငံ မြို့တော်များအကြား စည်ပင် သာယာရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ရုရှားအော်သိုဒေါ့ ဘုန်းတော်ကြီးကျောင်းအားရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိမြေနေရာတွင်တည်ဆောက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရုရှားနိုင်ငံ အနေဖြင့် ရန်ကုန်မြို့တွင် ရင်းနှီးမြှုင့်နှံရေးလုပ်ငန်းများဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာ-ရုရှားနှစ်နိုင်ငံမြို့တော်များအကြား ယဉ်ကျေးမှုဖလှယ်ရေးဆိုင် ရာ ကိစ္စရပ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံမြို့တော်များအကြား ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ကဏ္ဍဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့်ရုရှားနိုင်ငံ မော်စကိုမြို့သို့ လေကြောင်းပျံသန်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here