မြန်မာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး ကဏ္ဍများ ဆောင်ရွက်နိုင်ရန်နှစ်နိုင်ငံ သံအမတ်တို့ တွေ့ဆုံ ဆွေးနွေး

0
112

မြန်မာ – ဥဇဘက်ကစ္စတန် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန် သွယ်ရေး၊ ခရီးသွားလာရေး ကဏ္ဍများအပြင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အိန္ဒိယ နိုင်ငံဆို င်ရာ ဥဇဘက်ကစ္စတန် သံအမတ်ကြီးတို့ တွေ့ဆုံကာ အပြန် အလှန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် သည် ဥဇဘက်ကစ္စတန် သံအမတ်ကြီး H.E. Mr. Sardor Rustambaev အား ဖေဖော်ဝါရီ (၁၅) ရက်က နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနှင့် ဥဇဘက်ကစ္စတန်၏ ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး နှစ်နိုင်ငံအကြား သာမက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင်လ ည်း အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လိုကြောင်း မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့သည်။

ထို့အပြင် မြန်မာ- ဥဇဘက်ကစ္စတန် နှစ်နိုင်ငံအကြား စီးပွား ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးကဏ္ဍများအပြင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ကူးလူးဆက်သွယ်မှု တိုးမြှင့်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြော င်း သိရသည်။

ထို့နောက် ဥဇဘက်ကစ္စတန် သံအမတ်ကြီးမှလည်း နှစ်နိုင်ငံ စီးပွားဆက်သွယ်မှု တိုးမြှင့်နိုင်သည့် အလားအလာကောင်းများရှိပြီး နှစ်နိုင်ငံအကြား စီးပွားရေး/ကုန်သွယ်ရေးတိုးမြှင့်ရေးဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွ က် ဥဇဘက်ကစ္စတန်သံရုံးအနေဖြင့် စဉ်ဆက်မပြတ် ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြန်မာ – ဥဇဘက်ကစ္စတန် သံအမတ်ကြီးများသ ည် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများတွင် ရင်းနှီးပွင့်လ င်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here