ပြည်ကြီးတံခွန်မြို့နယ်တွင် လူနေအိမ်များ မီးလောင်မှုဖြစ် ပွားရာ Level (1) အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ

0
150

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွ က်၊ ကံကြီးကုန်းရပ် ၊ ၁၂၄ လမ်းနှင့် ၅၁ လမ်းတွင် လူနေအိ မ်များ မီးလောင်မှုဖြစ်ပွားရာ Level (1) အဆင့်ဖြင့် သွားရော က် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ (၁၆) ရက် နံနက် (၁၀)နာရီ (၁၄)မိနစ်အချိန်ခန့်က အဆိုပါရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မန္တ လေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ level (1) ယာဉ်အုပ်စု  ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“လူနေအိမ် (၁၀) လုံးလောက်တောင် ပါသွားမလားပဲ။ အိမ်တွေက စိပ်နေတော့ နာရီဝက်လောက်ကို ခက်ခက်ခဲခဲ ငြှိမ်းလိုက်ရတယ်။ ဘယ်လိုစလောင်တာလဲတော့ မသိဘူး။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၁၀)နာရီ (၃၃)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၀)နာရီ (၃၆)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းရင်း အသေးစိတ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here