ရေကန်တစ်ကန်တွင် အမျိုးသားတစ်ဦး ငါးဖမ်းရင်း ရေနစ်‌ေသဆုံး

0
113

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ငါးကန်လမ်းအတွင်းရှိ ရေကန်တစ်ကန်တွင် အမျိုးသား တစ်ဦး ငါးဖမ်းရာမှ ရေကန်ထဲ ပြုတ်ကျကာ ရေနစ်ပြီး အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအ သင်းမှ သိရသည်။

ဖေဖော်ဝါရီ (၁၆)ရက်၊ နေ့လယ် (၁၂)နာရီ (၁၀)မိနစ်အချိန်ခန့်က အမျိုးသား တစ်ဦး ငါးဖမ်းရာမှ ရေကန်ထဲ ပြုတ်ကျကာ သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ အသင်းမှ သွား ရောက်ခဲ့ကူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသား ရုပ်အလောင်းအား အင်းစိန်ဆေးရုံသို့ WLC – DB ဖြင့် ပို့ ဆောင်ပြီး PR10 ဖြင့် အလောင်းအပ်နှံပေးခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here