ဖျာပုံ – ကျိုက်လတ် လမ်းတွင် ခရီးသည်တင်ယာဉ်မှ လမ်း ဖြတ်ကူးသူအား တိုက်မိကာ လမ်းဘေးမြောင်းအတွင်းထိုးကျ ၊ (၁)ဦး‌ေသဆုံးပြီး (၈)ဦးဒဏ်ရာရ

0
140

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ သလိပ်ကြီး ကျေးရွာအနီးတွင် ဖျာပုံ – ရန်ကုန် ပြေးဆွဲသည့် ခရီး သည်တင် Express ယာဉ်တစ်စီး လမ်းဖြတ်ကူးသူ တစ်ဦးအား တိုက်မိကာ အရှိန်လွန် မြောင်းထဲထိုးကျခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက် နံနက် (၁၀) နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် လမ်းဖြတ်ကူးသူအမျိုးသားမှာ အသက်ဆုံးရှုံးခဲ့ရပြီး ယာဉ်ပေါ်ပါ (၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လမ်းဖြတ်ကူးတဲ့ လူတစ်ယောက်ကို တိုက်လိုက်တာ ။ကားကတော့ မအူပင်- ဖျာပုံ – ကျိုက်လတ် – ရန်ကုန် ဟိုင်းဝေးလမ်း ဘေးက မြောင်းထဲကို ထိုးကျသွားတာ။ ဒရိုင်ဘာက တော့ ကားထဲမှာ ညပ်နေလို့ ကရိန်းတွေ ဘာတွေနဲ့ ထုတ်တာ နေ့လယ် (၁) နာရီ (၅) မိနစ်လောက်မှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ဖျာပုံမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ နေရာသို့ ဖျာပုံမြို့နယ် ပဲ့တ င်သံပရဟိတအသင်း၊ ဖျာပုံခရိုင်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် လုပ်ဆောင် ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် Express ယာဉ်မှာ ဖျာပုံ – ရန်ကုန် ပြေးဆွဲနေသည့် “သီဟနိုင်” ယာဉ်လိုင်းမှ ယာဉ်ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ‌ေသဆုံးသူ၏ ရုပ်အ‌ေလာင်းကို ဂရုဏာရှင် (၁၄) လှုမှုကူညီရေးအသင်းနှင့် မိတ်ဖက်လူမှုကူညီရေးအသင်းများမှလူနာတင်ယာဉ်များနှင့် ဖျာပုံမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here