အာဆီယံအတွင်း​ရေးမှူးချုပ် အိန္ဒိယသို့သွား​ရောက်

0
180

အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောက်ကင်ဟောန်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ အိန္ဒိယနိုင်ငံသို့ အလုပ်သဘော သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်သည် အာဆီယံအသိုက်အဝန်းမဏ္ဍိုင်သုံးရပ်၏ နယ်ပယ်တစ်လျှောက် ပြန်လည်အားဖြည့်ဆက်ဆံမှုများဖြင့် အာဆီယံ-အိန္ဒိယ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး (CSP) ကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် အိန္ဒိယတွင် အာဆီယံသံခင်းတမန်ခင်းမြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။

ရာစုနှစ်များစွာ ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှု၊ ရေကြောင်းဆက်သွယ်မှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများတွင် အမြစ်တွယ်နေခဲ့သော အာဆီယံ-အိန္ဒိယ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်လျှက်ရှိသည်။

ခရီးစဉ်တစ်လျှောက်တွင် အိန္ဒိယသည် အာဆီယံ အတွင်းရေးမှူးချုပ်အား ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ပံ့ပိုးကူညီရာတွင် အာဆီယံနှင့် ၎င်း၏မိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။

အိန္ဒိယသည် အင်ဒို-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် အခြေခံမူနှင့် မူဘောင်အဖြစ် အာဆီယံ၏ အချက်အချာကျမှု နှင့် အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ အာဆီယံအမြင် (AOIP) ကို မယိမ်းယိုင်ဘဲ ထောက်ခံခဲ့သည်။

Source: asean.org


LEAVE A REPLY

Please enter your comment!
Please enter your name here