တစ်နှစ်လျှင် မြန်မာကလေ-းငယ် ၁,၅၀၀ နှင့် ၂,၀၀၀ ကြား ကင်ဆာရောဂါဖြစ်ပွားနေ– WHO

0
141

မြန်မာနိုင်ငံ၌ ကလေ-းငယ်များတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာနေပြီး တစ်နှစ်လျှင်ကင်ဆာရောဂါဖြစ်ပွားသည့်ကလေ-းငယ်အရေအတွက်မှာ ၁,၅၀၀ နှင့် ၂,၀၀၀ ဦးအကြားရှိနေကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)ကခန့်မှန်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ ကင်ဆာရောဂါဖြစ်ပွားနေသည့် ကလေ-းငယ်များအား ပြုစုကုသနိုင်ရန်အတွက် ရန်ကုန်ကလေ-းဆေးရုံနှင့် မန္တလေးကလေ-းဆေးရုံ နှစ်ခုသာရှိကြောင်း‌ပြောကြားခဲ့သည်။

ဝေးလံခေါင်သီသောအရပ်ဒေသများ၌နေထိုင်နေပြီး ကင်ဆာရောဂါဖြစ်ပွားနေသည့် ကလေ-းများကို ကုသနိုင်ရန် အခက်အခဲရှိသည်ဟုဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နှစ်စဉ် ကင်ဆာရောဂါဖြစ်ပွား၍ ကုသနေရသည့် ကလေ-းငယ်အရေအတွက်မှာ ၇၀၀ နှင့် ၈၀၀ ကြားရှိနေပြီး ရန်ကုန်ကလေ-းဆေးရုံကြီးတွင် တက်ရောက်ကုသရသည့် ကင်ဆာရောဂါကလေ-းငယ် ၄၀၀ ခန့်ရှိနေကြောင်း၊ထို့ပြင် မန္တလေး ကလေ-းဆေးရုံတွင်လည်း အလားတူအရေအတွက်သည် နှစ်စဉ်တက်ရောက်ကုသနေရကြောင်းလည်း WHO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကင်ဆာရောဂါဖြစ်ပွားသည့် ကလေ-းငယ်အများစုသည် လူမူစီးပွားရေး ဆိုးရွားမှုများကြောင့် ကင်ဆာရောဂါရခြင်းဖြစ်ပြီး နှစ်စဉ် ကင်ဆာရောဂါခံစားရသောကလေ-းငယ်အားလုံး၏ ၁၅ ရာခိုင်နှုန်းသည် ဆေးရုံတွင် တက်ရောက်ကုသနိုင်ခြင်းမျိုးမရှိကြောင်းလည်း WHO ကပြောကြားခဲ့သည်။

ကင်ဆာရောဂါခံစားနေရသည့် ကလေ-းငယ်အားလုံး၏ ၁၅ ရာခိုင်နှုန်းသည် ကင်ဆာရောဂါသွားရောက်ကုသရမည့်မြို့တွင်နေထိုင်ရန်အခက်အခဲနှင့် ကင်ဆာရောဂါကိုသွားရောက်ကုသရန် ခရီးစရိတ်လိုအပ်ချက်များရှိနေခြင်းတို့ကြောင့် ဆေးရုံသို့သွားရောက်ကုသရန်အခက်အခဲများရှိခဲ့သကဲ့သို့ ငွေကြေးအခက်ခဲများကြောင့် သွားရောက်နိုင်ခြင်းမျိုးလည်းမရှိကြောင်း WHO ၏ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

Source : WHO


LEAVE A REPLY

Please enter your comment!
Please enter your name here