ရုရှားအတိုက်အခံခေါင်းဆောင်ထောင်အတွင်း၌‌ေ-သဆုံး

0
180

မော်စကို၊ဖေဖော်ဝါရီ ၁၆

ခရင်မလင်ဆန့်ကျင်ရေးနှင့် အရာရှိများ လာဘ်စားမှုပပျောက်ရေးဆန္ဒပြမှုများကို ဦးဆောင်ခဲ့သော သမ္မတဗလာဒီမာပူတင်၏ အဓိကရန်ဘက်ဖြစ်သော ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalany သည် ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံထားရရာမှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် သောကြာနေ့တွင် အကျဉ်းထောင်အတွင်း၌‌ေ-သဆုံးသွားပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာနကပြောကြားခဲ့သည်။၎င်းသည် ကွယ်လွန်ချိန်၌ အသက် ၄၇ နှစ်ရှိပြီဖြစ်သည်။

မစ္စတာ Alexei ၏‌ေ-သဆုံးမှုကြောင့် နိုင်ငံတစ်ဝန်း ဝေဖန်မှုများလည်းမြင့်တက်လာခဲ့ပြီး အတိုက်အခံများ၏နေအိမ်များအား စီးနင်းမှုများပြုလုပ်ခဲ့သည့် ခရင်မလင်ခေါင်းဆောင်အပေါ် ဒေါသထွက်မှုများလည်းမြင့်တက်လာခဲ့သည်။

မစ္စတာ Alexei သည် နေမကောင်းဖြစ်သွားရာမှ သတိလစ်သွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ၎င်းအား အသက်ကယ်ရန်ကြိုးပမ်းခဲ့သော်လည်း အချိန်မီ မကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။ မစ္စတာ Alexei သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက အကျဉ်းချခံထားရခြင်းလည်းဖြစ်ကြောင်းသိရသည်။

ဂျာမနီဝန်ကြီးချုပ် အိုလက်ရှို့ဖ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ကလည်း မစ္စတာ Alexei ၏‌ေ-သဆုံးမှုနှင့်ပတ်သက်၍ မှတ်ချက်များအသီးသီးပြုခဲ့ကြသည်။ ခရင်မလင်ပြောရေး ဆိုခွင့်ရှိသူ မစ္စတာဒီမစ်ထရီပက်စကော့ဗ်ကမူ Alexei ၏‌ေ-သဆုံးမှုအား သမ္မတပူတင်ထံအကြောင်းကြားထားသည်ဟုဆိုသည်။

မစ္စတာ Alexei သည် သမ္မတပူတင်၏ ယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှုကိုလည်း ဝေဖန်ရှုံ့ချခဲ့သူတစ်ဦးဖြစ်သည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here