အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအား ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးကာ ဖွဲ့စည်း

0
196

အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့ စည်းလိုက်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမိန့်ကြေညာချက် အမှတ် (၁/၂၀၂၄) ဖြင့် ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက်တွင် အမိန့်ထုတ်ပြန်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ က ဒုတိယ ဥက္ကဋ္ဌ (၁) နှင့် စစ်ရေးချုပ်(စစ်ရေးချုပ်ရုံး) မှ ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူထားကြောင်း သိရသည်။

ထို့အပြင် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ စစ်ဦးစီးအရာရှိချုပ် (လေ) ၊ တွဲဘက်စစ်ရေးချုပ် ၊ တွဲဘက်စစ်ထောက်ချုပ်၊ ဒုတိယ စစ်ရာထူးခန့်ချုပ်၊ တွဲဘက်စစ်ဥပဒေချုပ်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တပ်မတော် မှတ်တမ်းညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူးနှင့် တပ်မတော် အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့က တွဲဖက် အတွင်းရေးမှူးအဖြစ် ပါဝင်ကြသည်။

အရန်တပ်ဖွဲ့ ဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် နစက အစိုးရက အသက်သွင်း အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။

ယင်းဥပဒေအရ တပ်မတော်မှ အနားယူခွင့်နှင့် နှုတ်ထွက်ခွင့် ရထားသူများ အနေဖြင့် အရန်တပ်ဖွဲ့ဝင်များအဖြစ် နှုတ်ထွက်ခွင့်ရသည့်နေ့ ၊အငြိမ်းစားယူသည့်နေ့မှစ၍ (၅) နှစ် တာဝန်ထမ်းဆောင်ရမည့် အခြေအနေရှိနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here