ယူကရိန်းသို့အကူအညီ ကန် ရပ်တန့်၊အီးယူအနေဖြင့် နှစ်ဆတိုးကူညီရမည်ဖြစ်

0
155

ပါရီ၊ဖေဖော်ဝါရီ ၁၆

ယူကရိန်းသို့ အကူအညီသစ်များ ထပ်မံပေးပို့ရန် ကွန်ဂရက်လွှတ်တော်က  ကန့်ကွက်ခဲ့သဖြင့် အမေရိကအနေဖြင့် ယူကရိန်းသို့အကူအညီအားဆက်လက်‌ပေးပို့နိုင်ခြင်းမရှိတော့သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် နှစ်ဆတိုးကူညီရမည်ဖြစ်သည်ဟုလည်းဆိုသည်။

ယူကရိန်းနှင့်အနောက်အုပ်စုများမှတာဝန်ရှိသူများသည် ရှေ့တန်း၌ လက်နက်ခဲယမ်းကုန်လုနီးဖြစ်နေပြီဟုဆိုထားသော်လည်း အမေရိကန်လွှတ်တော်တွင်း၌မူ ရီပတ်ဘလစ်ကန်အမတ်များသည် ဒေါ်လာဘီလျံ ၆၀ တန်ဖိုးရှိသည့် ယူကရိန်းသို့စစ်ရေးအကူအညီအား ဝိုင်း၍ ကန့်ကွက်ခဲ့ကြသည်။

“၂၀၂၄ မှာ အမေရိကအနေနဲ့ ယူကရိန်းကိုဆက်ထောက်ပံ့နိုင်မှုရှိမရှိက မသေချာသေးပါဘူး” ဟုလည်း ဘဏ္ဍာရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးအပ်ရေးမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ အမေရိကသည် ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာအကူအညီ ယူရို ၄၂ ဒသမ ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၄ ဘီလျံ) ကိုထောက်ပံ့ပေးခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်လလျှင် ယူရို ၂ ဘီလျံဝန်းကျင်အထိပေးပို့ကူညီခဲ့သည်ဟုလည်းသိရသည်။

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင် ၂၇ နိုင်ငံက စစ်ပွဲစတင်ကတည်းက စစ်ရေးအကူအညီ ယူရို ၄၉ ဒသမ ၇ ဘီလျံပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုအထိယူရို ၃၅ ဒသမ ၂ ဘီလျံသာပေးအပ်နိုင်ခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here