မြေ ၊ ရေ နှင့် လူသားအရင်းအမြစ်များ ရှိသော်လည်း စားသုံးဆီ ဖူလုံအောင် မထုတ်လုပ်နိုင်သည်မှာမဖြစ်သင့်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

0
186

ပြည်တွင်း၌ စားသုံးဆီ ရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့် စိုက်ပျိုးမြေများ၊ လိုအပ်သည့်သွင်းအားစု၊ ရေနှင့် လူစွမ်းအားအရင်းအမြစ်များ ရှိသော်လည်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင် ခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီလ (၁၆) ရက်က နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးအစည်းအဝေး ခန်းမ၌ ပြု လုပ်သည့် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွ က်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအ‌ဝေးတွင် ပြောကြားခြင်းဖြစ်သည်။

မိမိတို့အစိုးရ တာဝန်စတင်ယူစဉ်မှစတင်ကာ ပြည်တွင်း စားသုံးဆီ လိုအပ်မှုကို လျှော့ချပြီး ဖူလုံမှုရှိ အောင်ဆောင် ရွက်ကြရန် ပြောကြားခဲ့ပြီး ငွေများ ထုတ်ချေးပေးခဲ့သော်လ ည်း စားသုံးဆီ တင်သွင်းမှု လျော့ကျခြင်း မရှိသည်ကို တွေ့ရှိရပြီး လက်ရှိအချိန်အထိ တင်သွင်းနေရဆဲဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ တို့အနက် မြေပဲသည် တစ်ဧကအထွက်နှုန်း ကောင်းမွန် သည်ကို တွေ့ရှိရကြောင်း၊ အချက်အလက်များအရ နေကြာသည်မြေပဲနှင့်နှမ်းတို့ထက်ဆီအထွက်နှုန်း ပိုမို ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ နေကြာစိုက်ပျိုးမှုတွင် ဝတ်မှုန်ကူးမှု အောင်မြင်စေရေးအတွက် ပျားမွေးမြူရေးကိုပါတွဲ၍ ဆောင် ရွက်ရန် လိုသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံများအနေဖြင့် လေးလအတွင်း စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျင် နှစ်သီးစိုက်ပျိုး၍ရသောကြောင့်မည်ကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ရမည်ကို အဖြေရှာဆောင် ရွက်ကြရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက သတိပေးပြောကြားသွားသည်။

ထို့အပြင် ဝါစိုက်ပျိုးရေးတွင်ပန်းတိုင် အထွက်နှုန်းများအတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တစ်ဧက သတ်မှတ်အထွက်နှုန်း ပိဿာ ၁၀၀၀ ထွက်ရှိမည်ဆိုပါက ဝါဂွမ်း ပိဿာ ၃၅၀ ၊ ဝါစေ့ ဆီ ၅၂ ဒသမ ၅ ပိဿာ၊ ဝါစေ့ဆီချေး ၁၇ ဒသမ ၅ ပိဿာ၊ လင်တာဂွမ်း(အမျှင်တို) ပိဿာ ၄၀ ၊ ဝါစေ့ကြိတ်ဖတ် ၅၄၀ ပိဿာ၊ ချည် ပိဿာချိန် ၁၀၀၈ ပေါင်ထွက်ရှိမည် ဖြစ်သဖြင့် ချည်ပိတ် ၃၉၁၆ ကိုက်ထွက်ရှိမည်သည်ဟုသိရကြောင်းလည်း ၎င်းကပြောသည်။

ဝါစိုက်ဧက ၅ သိန်း စိုက်ပျိုးနိုင်မည်ဆိုပါက ချည်ပိတ် ကိုက်သန်းပေါင်း ၅၈ သန်းထွက်ရှိမည်ဖြစ်ရာ နိုင်ငံလူ ဦးရေသန်း ၅၀ နှင့် တွက်ချက်ကြည့်ပါက လူတစ်ဦးတစ်နှစ်လျှင် ချည်ပိတ်ကိုက် ၄၀ ခန့်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း၊ ပိဿာချိန် ၇၀၀ ထွက်ရှိမည် ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့်အသုံးပြု နိုင်မည်ဖြစ်သောကြောင့် ဝါစိုက်ပျိုး မှုကို ဧက ၅ သိန်းစိုက်ပျိုးပြီး သတ်မှတ် ပန်းတိုင်ရည်မှန်းချက်များ အတိုင်း စိုက်ပျိုးထုတ် လုပ်နိုင်မည်ဆိုပါက ပြည်တွင်း ချည် သုံးစွဲမှုကို ဖူလုံစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝင်ငွေ ရရှိ ရေးကို ကြီးမားစွာ အထောက် အကူ ပြုနိုင်မည်ဖြစ်သည့်အတွက် ဝါစိုက်ပျိုးမှုကို ဝန်ကြီး ဌာနများအနေဖြင့် အလေးထား ဆောင်ရွက်ရန်လည်း  ၎င်းကဆိုသည်။

ထို့အပြင် ပြည်တွင်း သကြား လုံလောက်ရုံသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်ရန်  အထွက်နှုန်းများ တိုးတက်စေရေးနှင့် သကြားထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက်လည်း ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို အောင်မြင်အောင် ဆော င်ရွက်မည်ဆိုပါက ကော်ဖီပို့ ကုန်များကို များစွာမြှင့်တင်နိုင်မည်ဖြစ်၍ ကော်ဖီ စိုက်ပျိုးရေးစီမံကိန်းများကို ယခုမှစ၍ စတင်မည်ဆိုပါက နောင်တွင်ကမ္ဘာပေါ်၌ ကော်ဖီတင်ပို့သည့် ထိပ်တန်းနိုင်ငံသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ် တင်သွင်းနေရကြောင်း၊ နို့ထွက်ပစ္စည်းများဖြစ်သည့် နို့ဆီနှင့်နို့စိမ်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ပြည်ပမှ နှစ်စဉ် တင်သွင်းနေရသည့် စားသုံးဆီများ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ ချည်ထည်ပစ္စည်းများကို ပြည်တွင်း လုံလောက်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနို င်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် နိုင်ငံခြားငွေများကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသွားသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြော င်းဝန်ကြီး ၊ နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ မြန်မာ့စီးပွား‌ရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေး နွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ဖြည့်စွက်ဆွေး​နွေးပြီးပြည်သူများ အလုပ်ကိုင်အခွင့်အလမ်းများ တိုးတက်လာ​ရေး အမျိုးသားရေးအဖြစ် ဆောင်ရွက်ရန် ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here